Thursday, October 17, 2013
SONY XPERIA ဖုန်းများပေါ်၌ PLAYSTATION 3 CONTROLLER ဖြင့် ဂိမ်းကစားနိုင်
ယင်းအတွက်ကြောင့် Android သုံး Xperia ဖုန်းများပေါ်တွင် ဂရပ်ဖစ်မြင့် အက်ရှင်ဂိမ်းများ ၊ အားကစားဂိမ်းများကို လွယ်ကူစွာ ဆော့ကစားနိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ဈေးကွက်အတွင်း၌ DualShock controller အား Android ဖုန်းဖြင့် ချိတ်ဆက်နိုင်ရန် ကြားခံဆောင်ရွက်ပေးသည့် app များ ရှိသော်လည်း ယခု ချိတ်ဆက်မှုမှာမူ Sony ပစ္စည်း ၂
ခုအား ချိတ်ဆက်ခြင်း ဖြစ်သဖြင့် များစွာရိုးရှင်းပြီး လွယ်ကူလှသည်။ USB ကြိုးဖြင့် ချိတ်ဆက်ပြီး sync လုပ်လိုက်ရုံဖြင့် သင့်စိတ်ကြိုက် ဂိမ်းများအား controller ဖြင့်
ဆော့ကစားနိုင်တော့မည် ဖြစ်သည်။
Apple ၏ iOS သည်မူ ပြင်ပ controller များနှင့် ချိတ်ဆက်အသုံးပြုခွင့် မပြုပေ။
ဤသတင်းနှင့် ဆက်စပ်ပြီး ထွက်ပေါ်လာသည့် သတင်းမှာ Sony အနေဖြင့် PlayStation တံဆိပ်တပ်ဖုန်းအား ထုတ်လုပ်မည်လောပင် ဖြစ်သည်။ Sony အနေဖြင့် ယခင်က ဂိမ်းအသားပေး Sony
Ericsson Xperia Play ဖုန်းအား ထုတ်လုပ်ခဲ့ဖူးသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ ဒါဆိုရင် Sony Xperia Vita ဆိုရင်ကော။
Credit : myanmar consumer guide
